SCIENCE DAILY MYANMAR • 🚀 Exploring Science & Tech • 🐍 UPDATED DAILY •
SEARCH
×
2025-12-25 1 min read

ဒိုင်နိုဆောဥခွံတွေက ပြောပြတဲ့ နှစ်သန်း ၇၀ သမိုင်းပုံပြင်

ဒိုင်နိုဆောတွေ ဘယ်ခေတ်တုန်းက ကျက်စားခဲ့လဲဆိုတာကို သိဖို့ သိပ္ပံပညာရှင်တွေမှာ အခက်အခဲကြီးတစ်ခု ရှိနေပါတယ်။

ပုံအကြောင်းစာသား

ဒိုင်နိုဆောဥခွံတွေက ပြောပြတဲ့ "နှစ်သန်း ၇၀ သမိုင်းပုံပြင်"

ဒိုင်နိုဆောတွေ ဘယ်ခေတ်တုန်းက ကျက်စားခဲ့လဲဆိုတာကို သိဖို့ သိပ္ပံပညာရှင်တွေမှာ အခက်အခဲကြီးတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ "မီးတောင်" တွေကို အရမ်းအားကိုးနေရတာပါ။ ပုံမှန်အားဖြင့် ဒိုင်နိုဆောရုပ်ကြွင်းတွေ့တဲ့နားမှာ မီးတောင်ပြာ (Volcanic Ash) တွေရှိမှသာ အဲဒီပြာကို စစ်ဆေးပြီး သက်တမ်းတွက်လို့ရလေ့ရှိပါတယ် ။

ဒါပေမဲ့... မီးတောင်မရှိတဲ့နေရာဆိုရင်ရော ဘယ်လိုလုပ်မလဲ? အရင်တုန်းကတော့ ခန့်မှန်းရခက်ပြီး မှောင်အတိကျနေသလိုပါပဲ ။ အခုတော့ ဒီပြဿနာကို ဖြေရှင်းမယ့် သူရဲကောင်း ပေါ်လာပါပြီ။ အဲဒါကတော့ "ဒိုင်နိုဆော ဥခွံ" လေးတွေပါပဲ ။

ဥခွံလေးတွေက ဘယ်လိုလုပ် "နာရီ" ဖြစ်သွားတာလဲ?

ဒါက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဖြစ်စဉ်က ဒီလိုပါ ဒိုင်နိုဆောမကြီးက ဥ ဥလိုက်တယ်။ အကြောင်းအမျိုးမျိုးကြောင့် အဲဒီဥတွေက မြေကြီးအောက် ရောက်သွားတယ်။ မြေကြီးထဲက ရေတွေက ဥခွံထဲကို စိမ့်ဝင်သွားတယ်။ ဒီရေတွေထဲမှာ Uranium (ယူရေနီယမ်) ဆိုတဲ့ ဓာတ်သတ္တုလေးတွေ ပါသွားပြီး ဥခွံသားထဲမှာ သွားကပ်နေပါတယ် ။

ဒီ ယူရေနီယမ်တွေက နှစ်တွေကြာလာတာနဲ့အမျှ Lead (ခဲ) အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားပါတယ် ။ ဒီလို ပြောင်းလဲတဲ့နှုန်းက ပုံသေရှိတဲ့အတွက် ပညာရှင်တွေက "ယူရေနီယမ် ဘယ်လောက်ကျန်ပြီး၊ ခဲ ဘယ်လောက်ဖြစ်သွားပြီလဲ" ဆိုတာကို တိုင်းတာလိုက်တာနဲ့ ဒီဥကြီး မြေမြှုပ်ခံရတာ ဘယ်လောက်ကြာပြီလဲဆိုတာကို အတိအကျ သိလိုက်ရတော့တာပါပဲ ။ ဒါဟာ သဘာဝက ဖန်တီးပေးလိုက်တဲ့ နာရီတစ်လုံးပါပဲ ။

Stellenbosch တက္ကသိုလ်က ဒေါက်တာ Ryan Tucker နဲ့ အဖွဲ့ဟာ အမေရိကန်နဲ့ မွန်ဂိုလီးယားက ဒိုင်နိုဆောဥတွေကို စမ်းသပ်ခဲ့ကြပါတယ် ။ ရလဒ်ကတော့ အံ့သြစရာပါပဲ။ မီးတောင်ပြာနည်းနဲ့ တွက်တာရယ်၊ အခု ဥခွံနည်းနဲ့ တွက်တာရယ်ဟာ ကွာခြားချက် ၅% (5 Percent) လောက်ပဲ ရှိပါတယ် ။ အရမ်းကို တိကျပါတယ်။ ဒီနည်းပညာကြောင့်ပဲ မွန်ဂိုလီးယားက နာမည်ကြီး ဒိုင်နိုဆောသိုက်တစ်ခုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၅ သန်း က ဆိုတာကို ပထမဆုံးအကြိမ် အတိအကျ ပြောနိုင်ခဲ့ပါတယ် ။

ဒီတွေ့ရှိချက်က ဘာတွေပြောင်းလဲသွားစေမလဲ?

အရင်က ဒိုင်နိုဆော အရိုးတွေ၊ သွားတွေကို တိုက်ရိုက်စစ်ဆေးရင် အဖြေမှားတာတွေ ရှိတတ်ပါတယ် ။ အခုတော့ ကမ္ဘာအနှံ့က မီးတောင်မရှိတဲ့ နေရာတွေမှာပါ ဒိုင်နိုဆောတွေ ဘယ်တုန်းက ရှင်သန်ခဲ့လဲဆိုတာကို ဒီ "ဥခွံနည်းပညာ" နဲ့ တိတိကျကျ ဖော်ထုတ်နိုင်တော့မှာ ဖြစ်ပါတယ် ။

ဒါဟာ ဒိုင်နိုဆောလောကအတွက်တော့ မှောင်နေတဲ့ အခန်းကဏ္ဍတွေကို မီးမောင်းထိုးပြလိုက်တာနဲ့ တူပါတယ်လို့ ပညာရှင်တွေက ဆိုပါတယ် ။

Source: ScienceDaily (Based on research by Stellenbosch University)

Dinosaur #Paleontology #ScienceNews #Fossil #Evolution #BurmeseScience #ScienceDaily #ResearchUpdate